Terms and Conditions

ယခု ဆိုရေးတီး application သည် ဂီတဝါသနာရှင်များအကြား အတူလက်တွဲဖန်တီးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားပါသည်။ သို့ဖြစ်ပါ၍ ယခု application အတွင်းတွင် သီချင်းဖန်တီးချင်းကို အထောက်အကူဖြစ်စေသော post များမှလွဲ၍ ၁။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက်စေသော post များကို ရေးသားခြင်းမျိုး မလုပ်ရန်

၂။ ဝါသနာရှင်၊ ပညာရှင်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားစေနိုင်လောက်သော ငြင်းဆိုရေးသားချင်းများ၊ ထိုးနှက်ရေးသားခြင်းများကိုလည်း မလုပ်ရန်

၃။ မိမိကိုယ်ပိုင်ဖန်တီးထားသော content များဖြစ်မှသာ credit မပေးပဲတင်ရန်

၄။ မိမိကိုယ်ပိုင်ဖန်တီးထားသော content များ မဟုတ်ပါက source ကို credit ပေးရန်

၅။ မိမိမပိုင်ဆိုင်ထားသော၊ မဖန်တီးထားသော content များဖြင့် မိမိဖန်တီးထားသကဲ့သို့ မသမာစွာ ရေးသား

တင်ပြပေးမှုမျိုး မပြုလုပ်ရန်

၆။ အထက်ပါ အချက်များကို လိုက်နာချင်းမျိုးမရှိပါက၊ ချိုးဖောက်ပါက (i) ပထမအကြိမ်တွင် အကောင့် ပိုင်ရှင်ထံသို့ သတိပေးစာပို့မည် (ii) ဒုတိယအကြိမ်တွင် အကောင့်ကို ၃လ မှ ၆လ အထိ အပိတ်ခံရမည် (iii) တတိယအကြိမ်တွင် application မှာ အမြဲအထုတ်ခံရမည်ဖြစ်သည်။

၇။ အပြီးအသံသွင်းထားသော သီချင်း (finished song) ကို application တွင် တင်လိုပါက သီချင်း၏ မူပိုင်ခွင့်နှင့် ပတ်သက်သော ပြသနာများကို တင်ထားသောအကောင့်မှသာတာဝန်ယူရန် ထိုသို့ပြသနာဖြစ်လာပါက (i) သီချင်းကို application မှ ပြန်လည် ဖြုတ်ချမည်ဖြစ်သည်။ (ii) သီချင်းတင်သော အကောင့်ပိုင်ရှင်၏ အကောင့်ကိုလည်း application မှ အမြဲအထုတ်ခံရမည်ဖြစ်သည်။

၈။ ၂၀၂၁ ခုနှစ် ကာလအတွင်း မိမိသီချင်းများကို အချင်းချင်းရောင်းဝယ်ခွင့်ပေးထားမည်ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ application ပေါ်တွင်မှီငြမ်း၍ရသောကြောင့် application သုံးခကို သီချင်းရောင်းရငွေ၏ ၅% ကို ဂီတရွာသို့ ပေးသွင်းရမည်ဖြစ်သည်။

၉။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ရောင်းလိုသော သီချင်းများကို application ပေါ်တွင်တင်သောအခါ Exclusive song အဖြစ် ၆လ ထားရှိရမည်။ ထိုကာလအတွင်း အခြားမည်သူ တဦးတယောက်စီကို၊ အဖွဲ့အစည်းတခုစီကိုမှ ရောင်းချခြင်းမပြုလုပ်ရန် အချက် ၉ ပါ အကြောင်းအရာကို ဖောက်ဖျက်ပါက အကောင့်ပိုင်ရှင်ကို application မှ ရာသက်ပန် ထုတ်ပါမည်။

၁၀။ Application သုံးသူသည် အသက် ၁၅နှစ်ပြည့်ပြီးသူဖြစ်ရမည် ဖြစ်ပြီး အသက်၁၅နှစ် အောက် account ပိုင်ရှင်ဖြစ်ပါက အုပ်ထိန်းသူ လူကြီးမိဘ၏ ထိန်းသိမ်းမှုမျိုးဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Comments